Welcome To MyanmarYwar

လှိုက်လှဲစွာကြိုဆိုပါ၏

Sunday, 9 January 2011

ချစ်သူဟောင်းက လိင်တံအတုဖြင့် မိမိဖာသာ ဖျော်ဖြေပါက ဗုံးပေါက်ကွဲ သေဆုံးရန်ကြံစည်


လိင်တံအတုအတွင်း ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ ထည့်သွင်းကာ ဗုံးတစ်လုံးပြုလုပ်ပြီး ချစ်သူဟောင်းကို လက်ဆောင်အဖြစ် ပေးရန် ကြိုးစားမှုအတွက် အမျိုးသား တစ်ဦး ထောင်ကျခံရဖွယ် ရှိနေကြောင်း ဆန်းသတင်းစာ အရ သိရသည်။ အသက် ၃၇ နှစ်ရှိ Terry Allen Lester သည် မိမိကိုယ်တိုင် ပြုလုပ်ထားသော အမျိုးသမီးများ ကာမဆန္ဒကို မိမိဘာသာ ဖြည့်ဆည်းနိုင်သော လိင်တံအတုတစ်ခုကို ပြုလုပ်ခဲ့ပြီး အဆိုပါ လိင်အတု အတွင်း သေနတ် ကြည်ဆံပြုလုပ်သော ယမ်းမှုန့်များကို ထည့်သွင်းထားခဲ့ပြီး ဘက်ထရီမှအထွက် အနက်ရောင် နှင့် အနီရောင် ကြိုးနှစ်စတွင် ခလုတ် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

လက်စတာ နှင့်အတူ နေထိုင်ခဲ့သူ အခန်းဖေါ် နှစ်ဦး၏ သတင်းပေးချက်အရ အမေရိကန်နိုင်ငံ မန်နီဆိုးတား ပြည်နယ်ရှိ ၀ါဆာကာ ရပ်ကွက်နေအိမ်တွင် သံသရဖြစ်ဖွယ် ပစ္စည်း ပစ္စယများကို လွန်ခဲ့သည့် ဇန်န၀ါရီလ ၁ ရက်နေ့ ရှာဖွေ သိမ်းဆည်း မိခဲ့ခြင်း ဖြစ်သည်။

လက်စတာက အခန်းဖေါ်များကို ခရီးသွားဟန်လွဲ သဘောဖြင့် သူ၏ အစီအစဉ်များကို ရှေးဦးစွာ အသိပေးခဲ့ခြင်း ဖြစ်ပြီး ၄င်း၏ ချစ်သူဟောင်းအား ခရစ်စမတ်ကာလကို သူ၏ လက်ဆောင်ဖြင့် ဆိုးရွားစွာ အဆုံးသတ်စေရန် ရည်ရွယ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။

The Smoking Gun ဟု အမည်ရသော ၀ဘ်ဆိုဒ်တစ်ခု၏ ထုတ်ဖေါ် ရေးသားချက်များအရ အခန်းဖေါ် နှစ်ဦးမှ ပြောကြားချက်များတွင် "သူမ အသုံးပြုဖို့ ခလုပ်ကို နှိပ်လိုက်တာနဲ့ ပေါက်ကွဲ မြောက်တက် သွားစေရမယ် " ဟု လက်စတာ က ပြောကြားခဲ့ကြောင်း ဖေါ်ပြသည်။

စုံစမ်းစစ်ဆေးသူများက လက်စတာ၏ နေထိုင်ရာ ပတ်ဝန်းကျင်တွင် လိင်ဖျော်ဖြေမှု ဆိုင်ရာ လိင်တံအတုများကို သိမ်းဆည်းခဲ့မိရာတွင် ပန်းနုရောင် အမျိုးသားလိင်တံ အတုပေါ်တွင် "ပျော်ရွှင်စရာ ခရစ်စမတ် မှာ ***** ဖြစ်ပါစေ" ဟုလည်း ရေးထိုးထားကြောင်း ပါရှိသည်။

အဆိုပါ ပြစ်မှုအတွက် ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားပါက အများဆုံး ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ဆန်းသတင်းစာက ဖေါ်ပြသည်။

No comments:

Post a Comment